အန္တရာယ်များ OONI Probe ကို အသုံးမပြုမီ ဤအရာများကို သိထားသင့်သည်။

မူလစာရွက်စာတမ်း

ကျွန်ုပ်တို့ သိရှိရသလောက် OONI Probe အသုံးပြုသူ မည်သူမျှ ဆော့ဖ်ဝဲကိုအသုံးပြုခြင်းကြောင့် အကျိုးဆက်များကို မကြုံတွေ့ကြရပေ။ ထို့ကြောင့် အောက်တွင်ဖော်ပြထားသော ဖြစ်နိုင်ခြေရှိသည့်အန္တရာယ်များသည် သီအိုရီနှင့် မှန်းဆမှုများအရ ဖော်ပြထားခြင်းဖြစ်သည်။ “အန္တရာယ်များသည့်ပတ်ဝန်းကျင်” ၌ OONI Probe ကို အသုံးပြုမည်ဆိုပါက အောက်ပါစာရွက်စာတမ်း များကို ဖတ်ရှုပြီးမှအသုံးပြုရန် လေးလေးနက်နက် တိုက်တွန်းလိုသည်။

ဖြစ်နိုင်ခြေရှိသည့်အန္တရာယ်များအား အကျဉ်းချုပ်ဖော်ပြမှု

၁။ သင့် အန္တရာယ်ပုံစံ ဥပမာအားဖြင့် စောင့်ကြည့်ခံနေရသည့် ထင်ရှားကျော်ကြားသော တက်ကြွလှုပ်ရှားသူတစ်ဦးသည် OONI Probe အသုံးပြုလျှင် ပိုမိုအာရုံစိုက်ခံရနိုင်သည်။

၂။ သင် OONI Probe အသုံးပြုနေသောနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ နိုင်ငံအတွင်း အလားတူဆောင်ရွက်မှုမျိုးတွင် ပါဝင်နေသည့် လူတစ်ဦးချင်းအား တရားစွဲဆိုသော မှတ်တမ်း ရှိ မရှိ သိရှိနိုင်ရေးအတွက် ပြည်တွင်း ရှေ့နေများနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

၃။ အသုံးပြုသော OONI Probe စမ်းသပ်မှု အမျိုးအစားများ OONI Probe စမ်းသပ်မှုအားလုံးတွင် ဖြစ်နိုင်ခြေရှိသော အန္တရာယ် အတိမ်အနက်မှာ မတူညီကြပေ။ ဥပမာ OONI ၏ WhatsApp test သည် ကမ္ဘာတစ်ဝှမ်းရှိ လူတစ်ကုဋေ(တစ်ဘီလီယံ) ကျော်က ချိတ်ဆက်ထားပြီးဖြစ်သော ဆာဗာများနှင့် ချိတ်ဆက်ရန် ကြိုးပမ်းရုံသာဖြစ်သည်။ OONI Probe အပလီ​ကေးရှင်း များမှတစ်ဆင့် မည်သည့်စမ်းသပ်မှုအား အသုံးပြုမည်ကို သင် ရွေးချယ်နိုင်သည်။

၄။ သင် စမ်းသပ်သော ဝဘ်ဆိုဒ် အမျိုးအစားများ OONI Probe mobile app ရှိ “ဝဘ်ဆိုဒ်များ ရွေးချယ်ရန်” ခလုတ်မှတစ်ဆင့်ဖြစ်စေ၊ ဤ OONI Run ပလက်ဖောင်းကို သုံး၍ဖြစ်စေ ဝဘ်ဆိုဒ်များကို ရွေးချယ်စမ်းသပ်နိုင်သည်။ သင့်အနေဖြင့် URLs ကို စမ်းသပ်မှုစာရင်းများ contribute to test lists ထဲသို့ ထပ်မံ ထည့်သွင်း မည် သို့မဟုတ် ဖယ်ရှားမည်ဟု အကြံပြုနိုင်သည်။

၅။ သင့်တွင် OONI Probe ဆော့ဖဝဲလ်စနစ် အချက်အလက်များကို ထုတ်ဝေ ထားခြင်းရှိ မရှိ သင်၏ OONI Probe ဆော့ဖဝဲလ်စနစ် စမ်းသပ်မှုရလဒ်များထုတ်ဝေခြင်းကို OONI Probe အပလီကေးရှင်း ဆက်တင်များမှတစ်ဆင့် သင် ဖယ်ရှားနိုင်သည်။

ဖြစ်နိုင်ခြေရှိသောအန္တရာယ်များကို ပိုမိုသိရှိနားလည်ခြင်း

OONI ၏ ဆော့ဖ်ဝဲစမ်းသပ်မှု software tests (OONI Probe ဟု ခေါ်သည့်) သည် အင်တာနက်ဆင်ဆာဖြတ်တောက်မှုနှင့် အသွားအအလာ ခြယ်လှယ်မှုအတွက် ကွန်ရက်များကို တိုင်းတာရန် ရေးဆွဲထားသည်။ အချို့နိုင်ငံများ၌ OONI Probe အသုံးပြုခြင်းကြောင့် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှု၊ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်များပင် ကျခံရနိုင်သည်။ ထို့ကြောင့် OONI Probe အား ဒေါင်းလုပ်ဆွဲခြင်း၊ တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်း မပြုလုပ်မီ သင့်နိုင်ငံရှိ လိုင်စင်ရ ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန်အတွက် အောက်ပါ စာရွက်စာတမ်းများအား ဂရုပြုဖတ်ရှုရန် အလေးအနက် တိုက်တွန်းလိုသည်။

OONI Probe အသုံးပြုသူများသည် မိမိတို့အပေါ် ကျရောက်နိုင်ဖွယ်ရှိသည့် အန္တရာယ်ကို မိမိတို့ဘာသာ တာဝန်ယူ၍ အရဲစွန့် လုပ်ဆောင်ကြရသည်။ OONI Probe ကို ထည့်သွင်းခြင်းဖြင့် အသုံးပြုသူများသည် OONI ၏ ဆော့ဖ်ဝဲ လိုင်စင် license နှင့် ဒေတာမူဝါဒ Data Policyတို့ကို လိုက်နာရန် သဘောတူညီကြရသည်။ ။ OONI စီမံကိန်း OONI Project နှင့် TOR စီမံကိန်း The Tor Project နှစ်ခုလုံးသည် မည်သည့် နှိပ်စက်ညှဉ်းပန်းမှု၊ စာချုပ် သို့မဟုတ် အခြားအကြောင်းတရားများအောက်တွင် OONI Probe ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများအတွက် OONI Probe အသုံးပြုသူများနှင့် ပြင်ပအဖွဲ့အစည်းများအတွက် တရားဥပဒေ သို့မဟုတ် သာတူညီမျှမှု ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် အသီးသီးတာဝန်ယူနိုင်ခြင်း ရှိမည်မဟုတ်ပါ။ ။

မှတ်ချက်- အောက်တွင်ဖော်ပြထားသော အန္တရာယ်များသည် မှန်းဆထားသည့် အချက်များပင်ဖြစ်သည်။ ကျွန်ုပ်တို့ သိရှိရသလောက် OONI အသုံးပြုသူ မည်သူမျှ အောက်တွင်ဖော်ပြထားသော အန္တရာယ်များ၏အကျိုးဆက်များကို မကြုံတွေ့ကြရပေ။ ထို့သို့သော် OONI Probe အသုံးပြုခြင်းနှင့်သက်ဆိုင်သည့် ဖြစ်နိုင်ခြေရှိသောအန္တရာယ်များနှင့်ပတ်သက်သော အောက်ပါသတင်းအချက်အလက်ကို ဖတ်ရှုလေ့လာရန် လေးလေးနက်နက် တိုက်တွန်းလိုသည်။

ဖြစ်နိုင်ခြေရှိသော ပြစ်ဒဏ်များနှင့် အရေးယူမှုများ

အချို့နိုင်ငံများတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်တိုင်းတာမှုပုံစံတိုင်းကို တရားမဝင် သို့မဟုတ် သူလျှိုပုံစံမျိုးဆောင်ရွက်နေသည်ဟုပင် ယူဆကြသည်။

အစိုးရအများအပြားသည် ဒစ်ဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို OONI Probe အသုံးပြုခြင်းကြောင့် ထိုနိုင်ငံများရှိ လူတစ်ဦးချင်းစီအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ဥပဒေချိုးဖောက်မှု ပုံစံအမျိုးမျိုးဖြင့် တရားစွဲဆိုဆောင်ရွက်ခဲ့ကြသည့် သမိုင်းကြောင်းတစ်ခုရှိကြသည်။ ထို့ကြောင့် OONI Probe အသုံးပြုခြင်းကြောင့် သုံးစွဲသူများအား ပြင်းထန်သော အရပ်ဘက်၊ ရာဇ၀တ်မှု (သို့မဟုတ်) တရားစီရင်ရေးဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်နိုင်သည်။ ထိုကဲ့သို့ အရေးယူမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ခြေရှိသည်

ဤခြိမ်းခြောက်မှုများကြောင့် OONI Probe ကို အသုံးမပြုမီ ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေး၍ ဥပဒေဆိုင်ရာ အန္တရာယ်များကို နားလည်သိရှိထားရန် ကျွန်ုပ်တို့ အလေးအနက် တိုက်တွန်းသည်။ OONI Probe ကို အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ခြေရှိသည့်အန္တရာယ်များကို အောက်တွင် အသေးစိတ်ဖော်ပြထားသည်။

အန္တရာယ်များ OONI Probe အသုံးပြုခြင်းအား ထောက်လှမ်းခြင်း။

OONI Probe ကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်သော (အစိုးရကဲ့သို့သော) ပြင်ပအဖွဲ့အစည်းများက အသုံးပြုသူများအား တွေ့ရှိပါက အဆိုပါ အသုံးပြုအချို့သည် ပြင်းထန်သောပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်သည်။

OONI Probe အသုံးပြုမှုကို ပြင်ပအဖွဲ့အစည်းများမှ အောက်ပါအချက်များဖြင့် ရှာဖွေတွေ့ရှိနိုင်သည်။

စောင့်ကြည့်ခြင်း။

ပြင်ပအဖွဲ့အစည်းများ (ဥပမာ - သင့်အစိုးရ၊ သင့်အား အင်တာနက်ဝန်ဆောင်မှုပေးသူ သို့မဟုတ် သင့်အလုပ်ရှင်) သည် သင့်အင်တာနက်လုပ်ဆောင်ချက်အချို့ သို့မဟုတ် အားလုံးကို စောင့်ကြည့်နေနိုင်သည်။ OONI Probe ကို သင်အသုံးပြုခြင်းဖြင့် ထုတ်ပေးသော ဝဘ်လမ်းကြောင်းကို ၎င်းတို့ သိရှိစေနိုင်ပြီး ထိုလမ်းကြောင်းဖြင့် သင့်ထံ ပုဂ္ဂိုလ်ရေးအရ ပြန်လည်ချိတ်ဆက်နိုင်စေမည် ဖြစ်သည်။

Tor၊ Psiphon၊ virtual private networks (VPNs) သို့မဟုတ် proxy ဆာဗာများကဲ့သို့သော ကိုယ်ရေးကိုယ်တာ-ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ ကို အသုံးပြုနေလျှင်ပင်၊ နိုင်ငံအများအပြားတွင် လူတစ်ဦးချင်းစီ၏ အွန်လိုင်းလှုပ်ရှားမှုများကို အစိုးရများက ခြေရာခံနိုင်သည့် ခေတ်မီဆန်းပြားသော စောင့်ကြည့်ခြင်းတိုင်းတာမှုများကို အသုံးပြုနေကြသည်။ ထိုနိုင်ငံများတွင် သင့် အွန်လိုင်းကိုယ်ရေးလုံခြုံမှုကို ကာကွယ်ရန် သင် မည်မျှအတိုင်းအတာအထိ လုပ်ဆောင်နေစေကာမူ သင့်အား OONI Probe အသုံးပြုသူအဖြစ် အစိုးရများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများက ဖော်ထုတ်သတ်မှတ်နိုင်သည်။" “#### စမ်းသပ်ပြီးသော ဝန်ဆောင်မှုများ

OONI Probe နှင့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုများသည် သင့် IP လိပ်စာကို မြင်တွေ့နိုင်မည်ဖြစ်ပြီး သင် OONI Probe အသုံးပြုနေကြောင်းကိုလည်း သိရှိနိုင်သည်။ OONI Probe က မည်သည့်ဝန်ဆောင်မှုများကို စမ်းသပ်နေကြောင်း ဤနေရာတွင် သင်ကြည့်ရှုနိုင်သည်။

အသုံးပြုသူ၏စက်ပစ္စည်းထံသို့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် အဝေးမှဝင်ရောက်ခွင့်

အခြားဆော့ဖ်ဝဲလ်များကဲ့သို့ပင် OONI Probe အား အသုံးပြုရာတွင် ခြေရာများ ကျန်ရစ်နိုင်သည်။ ထို့ကြောင့် သင့်ကွန်ပျူတာထံသို့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် အဝေးမှဝင်ရောက်ခွင့်ရှိသူ မည်သူမဆို OONI Probe ကို သင်ဒေါင်းလုဒ်လုပ်ထားခြင်း၊ ထည့်သွင်းထားခြင်း သို့မဟုတ် ဖွင့်ထားခြင်းကို မြင်တွေ့နိုင်မည်ဖြစ်သည်။

တိုင်းတာမှုများအား ထုတ်ပြန်ခြင်း။

နဂိုမူလအနေအထားအရ OONI Probe မှတဆင့် ထုတ်ပေးသော တိုင်းတာမှုအားလုံးကို OONI ၏ တိုင်းတာမှုစုဆောင်းသူထံပေးပို့၍ အောက်ပါတို့မှတစ်ဆင့် အလိုအလျောက် ထုတ်ဝေပေးသည်

ထို့ကြောင့် အသုံးပြုသူသည် OONI Probe app settings မှတစ်ဆင့် opt out ဖယ်ရှားရန် ကို မရွေးချယ်ထားပါက၊ OONI Probe အသုံးပြုမှုကို ခြိမ်းခြောက်မှုတစ်ခုအနေဖြင့် ရှုမြင်သည့် ပြင်ပအဖွဲ့အစည်းများ အပါအဝင် အများသူငှာတို့သည် အသုံးပြုသူဆောင်ရွက်နေသည့် တိုင်းတာဆောင်ရွက်မှု အားလုံးအား မြင်တွေ့နိုင်မည် ဖြစ်သည်။

ထုတ်ဝေထားသောအချက်အလက်များတွင် သင်နှင့်အနီးစပ်ဆုံးတည်နေရာ၊ သင်ချိတ် ဆက်နေသည့်ကွန်ရက် (ASN) နှင့် OONI Probe ကို သင်လုပ်ဆောင်သည့်အချိန်တို့ ပါဝင်မည်ဖြစ်သည်။ သင့် IP လိပ်စာကဲ့သို့ အခြားခွဲခြားသတ်မှတ် ထားသည့်အချက်အလက်များကို တမင်တကာ ကောက်ယူထားခြင်းမဟုတ်သော်လည်း HTTP headers သို့မဟုတ် အခြား metadata များတွင် ထည့်သွင်းနိုင်သည်။ ဥပမာ သင့်ကွန်ရက်တည်နေရာကို အခြေခံထားသည့် ခြေရာခံကုဒ်များ သို့မဟုတ် စိတ်ကြိုက်အကြောင်းအရာများသည် ဝဘ်ဆိုက်တစ်ခုတွင် ပါဝင်နေပါက၊ OONI Probe မှ ဒေါင်းလုဒ်လုပ်ထားသော စာမျက်နှာအကြောင်းအရာအပြည့်အစုံတွင် အဆိုပါအချက်အလက်များ ပါဝင်နိုင်သည်။ အချက်အလက်များကို ခွဲခြားသတ်မှတ်ခြင်းသည် သင့်အား OONI Probe အသုံးပြုသူအဖြစ် သိရှိနိုင်ရန် ပြင်ပအဖွဲ့အစည်းများကို အထောက်အကူ ဖြစ်စေနိုင်သည်။

အန္တရာယ်များ OONI Probe စမ်းသပ်မှုများ

OONI သည် အခမဲ့ဆော့ဖ်ဝဲလ်စမ်းသပ်မှုများစွာကို ရေးဆွဲခဲ့ပြီး တစ်ခုစီတွင် မတူညီသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ရေးဆွဲထားသည်။ ထို့ကြောင့် ဤစမ်းသပ်မှုများသည် အသုံးပြုသူအတွက် အန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာနိုင်ခြေရှိသည်။

OONI Probe ကို အောက်ပါတို့အတွက် ယေဘုယျအားဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

OONI Probe စမ်းသပ်မှုများမပြုလုပ်မီ စမ်းသပ်မှုတစ်ခုစီအတွက် သတ်မှတ်ချက်များ နှင့် ဖော်ပြချက်များ တို့အား သေချာစွာ ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။

စမ်းသပ်ထားသော ဝဘ်ဆိုဒ်များ၏ ဥပဒေနှင့်ညီညွတ်မှု

OONI ၏ ဝဘ်ချိတ်ဆက်မှု စမ်းသပ်ခြင်း ကို လုပ်ဆောင်သည့်အခါ အောက်ပါစာရင်းနှစ်ခုတွင် ပါဝင်သော ဝဘ်ဆိုဒ်အမျိုးမျိုးမှ အချက်အလက်များကို ချိတ်ဆက်ပြီး ဒေါင်းလုဒ်ဆွဲရမည်ဖြစ်သည်။

အထက်ဖော်ပြပါစာရင်းများတွင် ပါဝင်သော ဝဘ်ဆိုဒ်အများအပြားသည် အငြင်းပွားဖွယ်များဖြစ်စေနိုင်ပြီး ညစ်ညမ်းရုပ်ပုံစာပေ သို့မဟုတ် အမုန်းစကားများ ပါဝင်နိုင်သည်။ ဤအကြောင်းအရာများကို သင့်နိုင်ငံ၌ ဝင်ရောက်ကြည့်ရှုရန် တရားဥပဒေနှင့် ညီညွတ်မှုမရှိနိုင်ပေ။ အချို့နိုင်ငံများတွင် တရားဥပဒေနှင့်မညီသော အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုခြင်းကြောင့် ထောင်ချခံရခြင်းကဲ့သို့ ပြင်းထန်သော အကျိုးဆက်များရှိကြသည်။ ထို့ကြောင့် OONI Probe စမ်းသပ်မှုများမှတစ်ဆင့် အဆိုပါဝဘ်ဆိုက်များမှ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်းနှင့် ဒေါင်းလုဒ်ဆွဲခြင်း၏ အန္တရာယ်ကို သင့်အနေဖြင့် ခံယူနိုင်မှုရှိ၊ မရှိ သေချာစွာ စစ်ဆေးရန် အကြံပြုအပ်ပါသည်။

အထက်ဖော်ပြပါစာရင်းများရှိ ဝဘ်ဆိုက်များမှ ဒေတာများကို ချိတ်ဆက်၍ ဒေါင်းလုဒ်ဆွဲခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုများကို သေချာစွာ မသိရှိပါက သင်သည် OONI Probe မိုဘိုင်း အပလီကေးရှင်းရှိ “ဝဘ်ဆိုဒ်များ ရွေးချယ်ရန်” ခလုတ်ကို အသုံးပြုခြင်း သို့မဟုတ် OONI Run ပလပ်ဖောင်းကို အသုံးပြုခြင်းဖြင့် စမ်းသပ်မည့်ဝဘ်ဆိုဒ်များကို ရွေးချယ်နိုင်သည်။

OONI Probe စမ်းသပ်မှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီဆောင်ရွက်မှု

OONI Probe မှလုပ်ဆောင်သော ကွန်ရက်စမ်းသပ်မှုအချို့တွင် သင့်နိုင်ငံ၏ ကွန်ပျူတာအသုံးပြုမှုဆိုင်ရာ ဥပဒေကို (သို့မဟုတ်) သင့်အင်တာနက် ဝန်ဆောင်မှုပေးသူ၏ ဝန်ဆောင်မှုစည်းမျဉ်းများကို ချိုးဖောက်မှုများ ဖြစ်ပေါ်နိုင်သည်။

အထူးသဖြင့် OONI Probe စမ်းသပ်မှုများကြောင့် သက်ရောက်မှုရှိသော ကွန်ရက်အစိတ်အပိုင်းများ၏ အော်ပရေတာများသည် ဤစမ်းသပ်မှုများကို တိုက်ခိုက်မှုများအဖြစ် ရှုမြင်နိုင်ပါသည်။ ဥပမာအားဖြင့် OONI ၏ HTTP-invalid-request-line စမ်းသပ်မှုသည် “သတ်မှတ်ချက်မပြည့်မီသည့်သတင်းပို့မှုများ” (out-of-spec messages) ကို “အင်တာနက်ကွန်ရက် စမ်းသပ်တိုင်းတာရေး ဝန်ဆောင်မှု” (echo service) တစ်ခုသို့ ပေးပို့သည့်အခါ သံသယဖြစ်စရာ ဖြစ်ပေါ်လာနိုင်ပြီး “အချက်အလက် ဝင်ရောက်ထိုးဖောက်ရယူခြင်း” (“hacking) ပုံစံတစ်ခုအဖြစ် ရှုမြင်နိုင်သည်။ ဤစမ်းသပ်မှုကြောင့် သက်ရောက်မှုရှိသော ကွန်ရက်အစိတ်အပိုင်းများသည် အဆိုပါ “သတ်မှတ်ချက်မပြည့်မီသည့် သတင်းပို့မှုများ” ကို တိုက်ခိုက်မှုများအဖြစ် ရှုမြင်ပါက၊ ကွန်ပျူတာ သုံးစွဲရာတွင် ချိုးဖောက်မှုဥပဒေများဖြင့် တရားစွဲဆိုခြင်းကဲ့သို့ ပြင်းထန်သော အကျိုးဆက်များကို ကြုံတွေ့ရနိုင်သည်။”

ပြင်ပအဖွဲအစည်း ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ Network Diagnostic Test (NDT) သည် Measurement Lab (M-Lab) မှ ပံ့ပိုးပေးထားသည့် ပြင်ပအဖွဲအစည်းဆာဗာများနှင့်ပတ်သက်၍ သာမန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။ M-Lab ၏ NDT ဝန်ဆောင်မှုများတွင် သုတေသနရည်ရွယ်ချက်အတွက် IP လိပ်စာများ ထိန်းသိမ်းခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို လိုအပ်သည်။ M-Lab ၏ ဒေတာ စီမံခန့်ခွဲမှုအကြောင်းကို ပိုမိုသိရှိလိုပါက ၎င်း၏ privacy statement ကို ရှာဖွေကြည့်ရှုနိုင်သည်။

ဥပဒေရေးရာ အကြံဉာဏ်ကိုရှာဖွေခြင်း

OONI Probe ကို ဒေါင်းလုဒ်ဆွဲခြင်း၊ ထည့်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဥပဒေဆိုင်ရာအန္တရာယ်များသည် နိုင်ငံတစ်ခုနှင့်တစ်ခု မတူညီနိုင်သောကြောင့် သင့်နိုင်ငံရှိ လိုင်စင်ရထားသည့် ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးရန် သင့်အား အကြံပြုအပ်ပါသည်။

OONI Probe အသုံးပြုမှုနှင့် ပတ်သက်၍ သင့်ရှေ့နေများအား သင်မေးလိုသည့် မေးခွန်းအချို့ကို ထည့်သွင်းရေးသားထားပါသည်

မှတ်ချက်၊ ဤသည်မှာ သင့်ရှေ့နေများကို မေးမြန်းရန်အတွက် ပြီးပြည့်စုံသော မေးခွန်းစာရင်းတော့ မဟုတ်ပါ။

ထို့အပြင် နိုင်ငံအများအပြားတွင် ကွန်ရက်တိုင်းတာခြင်းဆော့ဖ်ဝဲလ် အသုံးပြုခြင်းကို တားမြစ်ထားသောဥပဒေများမရှိသော်လည်း၊ အချို့နိုင်ငံများတွင် OONI Probe ကို အသုံးပြုခြင်းဖြင့် အခြားပိုမိုကျယ်ပြန့်သော ဥပဒေများအောက်၌ ရာဇ၀တ်မှုကျူးလွန်သည်ဟု စွဲဆိုနေဆဲဖြစ်သည်။ ဥပမာ OONI Probe အသုံးပြုခြင်းအား တရားဥပဒေနှင့်မညီခြင်း သို့မဟုတ် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ရှုမြင်နိုင်သည်။ OONI Probe မှရရှိသော အချက်အလက်များအား နိုင်ငံ၏ ပြည်ပ သို့မဟုတ် ပြည်တွင်းလုံခြုံရေးကို “ထိခိုက်စေသည်” ဟုရှုမြင်ပါက နိုင်ငံတော်လုံခြုံရေး အတွက် ရာဇ၀တ်မှုကျူးလွန်ကြောင်းစွဲဆိုသည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ ဤကိစ္စများနှင့်ပတ်သက်၍ ရှေ့နေတစ်ဦးနှင့်လည်း တိုင်ပင်ဆွေးနွေးရန် လိုအပ်ပေမည်။

ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးခြင်းအပြင် contact@openobservatory.org ၌ တိကျသောစုံစမ်းမေးမြန်းမှုများနှင့်အတူ ကျွန်ုပ်တို့ထံသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့သည် ရှေ့နေများမဟုတ်ပါ။ ကျွန်ုပ်တို့ သင့်အားပေးသော အချက်အလက်တိုင်းတွင် ဥပဒေအကြံပေးချက်များ ပါဝင်မည်မဟုတ်ကြောင်း သတိပြုပေးပါ။ ထို့အပြင် ကျွန်ုပ်တို့နှင့် သင့်ဆက်သွယ်မှုကို မည်သည့်ဥပဒေဆိုင်ရာအခွင့်အရေးမှ ကာကွယ်ပေးထားခြင်းမရှိသောကြောင့် တရားဥပဒေစိုးမိုးရေးမှ အမိန့်ထုတ်ပြန်နိုင်ပြီး၊ သင်ပေးထားသည့် အချက်အလက်မှန်သမျှကို ရယူနိုင်ပါသည်။ သို့သော်လည်း သင့်မေးခွန်းများနှင့် သို့မဟုတ် သိရှိလိုသည်များကို ဖြေရှင်းပေးနိုင်သော ရှေ့နေများနှင့် ကျွန်ုပ်တို့ ဆက်သွယ်ပေးနိုင်ပါသည်။ “သက်ဆိုင်ရာအရင်းအမြစ်အချို့တွင် အောက်ပါတို့ ပါဝင်သည်

မှတ်ချက်- ဤအရင်းအမြစ်များသည် ဥပဒေအကြံဉာဏ်များ မပါဝင် သဖြင့် ခေတ်မမီတော့ပေ။ မည်သည့်အကြံဉာဏ်ကိုမျှ ထည့်သွင်းမစဉ်းစားမီ သင်သည် နောက်ဆုံးဗားရှင်းကို ဖတ်ရှုနေကြောင်း အတည်ပြုပါ။” တဖန်၊ အသုံးပြုသူများသည် မိမိတို့အပေါ် ကျရောက်နိုင်ဖွယ်ရှိသည့် အန္တရာယ်ကို မိမိတို့ဘာသာ တာဝန်ယူ၍ OONI Probe ကို လုပ်ဆောင်ကြရသည်။ OONI Probe ကို ထည့်သွင်းခြင်းဖြင့် သုံးစွဲသူများသည် OONI ၏ ဆော့ဖ်ဝဲ license နှင့် Data Policy တို့ကို လိုက်နာရန် သဘောတူညီရ သည်။ နှိပ်စက်ညှဉ်းပမ်းခံရမှု၊ စာချုပ်ဖြင့် သဘောတူညီမှုရယူခြင်း သို့မဟုတ် အခြားအကြောင်းတရားများအောက်တွင် OONI Probe ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများအတွက် OONI project သို့မဟုတ် The Tor Project တို့သည် OONI Probe အသုံးပြုသူများနှင့် အခြား ပြင်ပအဖွဲ့အစည်းများအား တရားဥပဒေအရ သို့မဟုတ် သာတူညီမျှမှုအရ ပူးပေါင်း၍ဖြစ်စေ (သို့မဟုတ်) သီးခြားဖြစ်စေ တာဝန်မခံပါ။